Showing posts with label Blogger And HTML. Show all posts
Showing posts with label Blogger And HTML. Show all posts

မိမိတို့ရဲ့ Blog မှာ လာရောက်လည်ပါတ်နေတဲ့ Readers တွေရဲ့ နိုင်ငံနဲ့ နေရာဒေသတွေကို ဖေါ်ပြပေးမယ့် Feedjit (Live Traffic Feed) ထည့်နည်း

25 Nov 13, 08:42 PM
thuya zaw: ဆရာခင်ဗျာ အောက်မှာရှိတဲ့ (ဘယ်နိုင်ငံ၊ဘယ်ဒေသက ရောက်လာတာလဲ) ဆိုတာကို လုပ်တက်ချင်ပါတယ် အားမယ်ဆိုရင် သင်ပေးစေချင်ပါတယ်
ဒီပိုစ့်ကို တင်ပေးဖို့ ပြင်ဆင်ထားခဲ့တာ ဒီအပေါ်က မေးခွန်းလေးကို တွေ့ပြီး နောက်နေ့ကတည်းကပါ..။ ဒီနေ့မှပဲ တင်ပေးဖြစ်ပါတယ်..။ Blogger တွေအတွက် မိမိတို့ရဲ့ Blog မှာ လာရောက်လည်ပါတ်နေတဲ့ Readers တွေရဲ့ နိုင်ငံနဲ့ နေရာဒေသတွေကို ဖေါ်ပြပေးမယ့် Feedjit (Live Traffic Feed) ထည့်ထားရင် သိပ်မကြာခင်က လည်ပါတ်သွားတဲ့ Reader တွေကို ကျနော့် Blog က ပုံလေးအတိုင်း မြင်ရမှာပဲ ဖြစ်ပါတယ်..။ လုပ်နည်းကတော့ လွယ်ပါတယ်..။ အောက်ကပုံလေးအတိုင်း မျှားပြထားတဲ့ နေရာကို ကလစ်ပြီး ဝင်သွားလိုက်ရင် Feedjit ဆိုဒ်ကို ရောက်ပါတယ်..။ ဒီလင့်ကနေ ဝင်သွားလို့လည်း ရပါတယ်..။ http://feedjit.com/?utm_source=ltf&utm_medium=web&utm_campaign=ltfCampaign အစအဆုံး လုပ်တတ်အောင်လို့ အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ ပိုစ့်ရဲ့ အောက်ပိုင်းမှာ ဆက်ကြည့်လိုက်ပါဗျာ...။

Blogger များအတွက် Post နေရာနဲ့ Comments နေရာတွေမှာ မိမိပြန်ညွှန်းလိုတဲ့ ဆိုဒ်လိပ်စာတွေကို Buttons လေးတွေနဲ့ Links အရှင်ဖြစ်အောင်ထည့်နည်း


 13 Oct 13, 02:00 AM
အရိုး:
အကိုရေနောက်တခုလောက်သင်ပေးပါဦးခင်ဗျာ အကို link တွေကိုဖျောက်ထားပြီး "ဒီမှာ"ယူလိုက် ဒီနေရာ မှာဒေါင်းနိုင်ပါတယ် အဲ့ဒါ လင့်ခ် နဲ့ဘယ်လိုချိတ်ပါသလဲခင်ဗျာ ဥပမာ အကိုပို့စ်တွေထဲမှာဆို လုပ်ပုံလုပ်နည်းကို ဒီနေရာ"
13 Oct 13, 02:09 AM
အရိုး:
မှာကြည့်နိုင်ပါတယ်ဆိုပြီး ကျွန်တော်ကနိုပ်လိုက်တာနဲ့ link ဆီကိုရောက် သွားတာကိုပြောတာပါခင်ဗျာ ကျွန်တော်က link လေးကိုအကိုလုပ်ပေးတဲ့ပုံမျိုးလိုလုပ်တတ်ချင်လို့ပါ အကိုပြောပြ၊ သင်ပြနေလို့ပဲဆိုင်မပြေးရတာတော်ကြာသွားပါပြီး
ဒီအပေါ်က မေးခွန်းလေးကို မေးလာတဲ့လူ ရှိကတည်းက ဒီနည်းကို ပိုစ့်တင်ပေးဖို့ ပြင်ဆင်ထားခဲ့တာပါ..။ ဒီရက်ထဲ ကျနော်မအားလပ်တဲ့အတွက် ပိုစ့်တွေ တင်မပေးဖြစ်ခဲ့ပါ..။ ဒီနေ့တော့ ဒီလုပ်နည်းလေးကို ပိုစ့်တခုအနေနဲ့.. Blogger လူသစ်တွေအတွက် လုပ်တတ်အောင် ၊ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ ဒီလင့်အရှင် ဖြစ်အောင် လုပ်ပေးနိုင်တဲ့ HTML ကုဒ်တွေကို Blog ပိုစ့်နေရာမှာတင်မကပါဘူး.. Blog Comments တွေမှာပါ ထည့်ပြီး လင့်အရှင်တွေကို ဖန်တီးပေးနိုင်ပါတယ်..။ ပိုစ့်နေရာတွေမှာတော့ Buttons လေးတွေနဲ့ ဖန်တီးပေးလို့ ရမှာဖြစ်ပြီး Comments နေရာမှာဆိုရင်တော့ Buttons တွေကို အသုံးပြုလို့ မရနိုင်ပါဘူး..။ ဒါပေမယ့် Blog Comments နေရာတွေမှာလည်း လင့်အရှင်တွေကို ဖန်တီးပေးနိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ လုပ်နည်းကို ဆက်ကြည့်လိုက်ပါဗျာ..။

Aoao Video to GIF Converter 3.2

Blogger တွေအတွက် အဆင်ပြေစေမယ့် ဆော့ဝဲလ်လေးပါ..။ မိမိတို့ရဲ့ Video ဖိုင်လေးတွေကို Gif ဖိုင်လေးတွေ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ကောင်လေးပါ..။ ကျနော်စမ်းသုံးထားတဲ့ ဒီကောင်လေးကို Gif ဖေါ်မတ်နဲ့ ထုတ်ယူထားတဲ့ အနှေး၊ အမြန် ပုံလေး၂-ပုံကို ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ပြပေးထားပြီး.. ဒီကေင်လေးမှာ Effects တွေ များပြီး အသုံးပြုတတ်ဖို့ကိုတော့ အနည်းငယ် ပုံလေးတွေနဲ့ အောက်မှာ ပြပေးထားပါတယ်..။ ဖူးသုံးလို့ရအောင် crack ဖိုင်လေးနဲ့ အရင်ထည့်ပေးရမှာဖြစ်ပြီး.. Gif ဖိုင်ထုတ်တဲ့အခါမှာတော့ Keys တွေတောင်းတဲ့အခါ အောက်ကပုံမှာ ပြထားတဲ့အတိုင်း key တွေထည့်ပေးလိုက်ရင် ဒီကောင်လေးကို ကောင်းစွာအသုံးပြုလို့ ရသွားပါပြီ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

မြန်မာစာလုံးအလှများဖြင့် "ဒ" "ဓ" နှင့် နှစ်ထပ်စာလုံးများကို Photoshop နှင့် Pagemaker လို ပရိုဂရမ်ကြီးများတွင် ရအောင်ရေးနည်း

 1 Jul 13, 02:29 AM
နေဇော်:
အကို့Blogမှာ ရေးထားသလို (ဝင်းဒိုးလောက်ဒါများ) လို Photoshop မှာ မြန်မာစာလုံးအလှတွေနဲ့ ရေးတာ ရေးလို့မရလို့ ဘယ်လိုရေးရလဲဆိုတာ ပြောပြပေးပါ ခင်ဗျ။ လေးစားလျှက်။
2 Jul 13, 02:48 AM
နိုင်နိုင်:
ကိုလွင်ရေ ကိုနေဇော်ပြောသလို ဒ နဲ့ ဓ စာလုံးတွေ ရေးလို့မရပါ။ စာလုံးအလှတွေနဲ့ ရေးနည်းလေး တင်ပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
အရင်တုန်းကလည်း ဒီလို ရေးနည်းကို မေးခဲ့ဖူးတဲ့ သူတွေရှိခဲ့ပါတယ်..။ အကြောင်းအမျိုးမျိုးကြောင့်ပဲ ပိုစ့်မတင်ဖြစ်ခဲ့ပါ..။ ဒီနေ့တော့ ဒီလိုလုပ်နည်းကို နောက်ထပ်မေးတဲ့သူများနဲ့ တိုက်ဆိုင်လာလို့ ဒီလိုရေးနည်းကို ပိုစ့်တခုအနေနဲ့ တင်ပေးလိုက်ပါတယ်..။ 
ဇော်ဂျီဖေါင့်နဲ့ဆိုရင် ရေးရတာ အဆင်ပြေပေမယ့် တခြား မြန်မာစာဖေါင့်အလှတွေနဲ့ ဆိုရင်တော့ စာရိုက်တဲ့ လက်ကွက်တူပေမယ့် "ဒ" ၊ "ဓ" နဲ့ နှစ်ထပ်စာလုံးတွေကို ရေးဖို့ အဆင်မပြေပါဘူး..။ ဒီပိုစ့်မှာတော့ ဒီလို ရေးလို့ရအောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ရှင်းပြပေးထားပါတယ်..။ ဒီပိုစ့်အတွက် ပုံတွေကို မနေ့ကတည်းက ရိုက်ယူထားပြီးသားပါ..။ အချိန်မရတော့လို့ ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။
ဒီပိုစ့်အတွက် အသုံးပြုထားတဲ့ Photoshop ကတော့ CS6 ပါ..။ အရင်လတွေက တင်ပေးခဲ့ပြီးပါပြီ..။ Photoshop CS6 လိုနေတဲ့ သူများအတွက်ပါ.. ဒီပိုစ့်ကနေ ဝင်ရောက်ဒေါင်းယူလို့ ရအောင် အောက်မှာ အဲ့ဒီပိုစ့်ကို လင့်ပြန်ချိတ်ပေးထားပါတယ်..။ ဒီလိုလုပ်နည်းကို မသိသေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Blog hack ကာကွယ်ကြရအောင် (bolgger သမားတွေအတွက်)



မင်္ဂလာပါဗျာ ဒီနေ့တော့ ကိုဝင်းစိုးနဲ့ ဖုန်းစကားပြောရင်hacker အကြောင်းရောက်သွားတာသူညတုန်းက အင်တာနက်မှာ ရှောက်မွှေတုန်းနတ်သားလေးဆိုဒ်က Bolg Hack အကြောင်းဖတ်ရတယ်တဲ့သူလုပ်ကြည့်ပါတယ်တဲ့ ဘယ်လိုလုပ်ရမှန်းရှာလို့မတွေ့ဘူးတဲ့ အဲ့တော့ နတ်သားလေးဆိုဒ်မှာလေ့လာကြည့်တော့ ရပါတယ် ဒါပေမဲ့သူပြထားတာကအစတုန်းက ပုံစံဆိုတော့ရုတ်တရက် နားမလည်းဘူး ဒီတော့အခုလက်ရှိ bolg ပုံစံ ဒီဇိုင်းနှင့် ကိုက်ညီအောင်ကျွန်တော်ပုံနှင့်တကွ ရှင်းပြထားပါတယ်နတ်သားလေးကိုလည်း ဒီနေရာ ကျေးဇူးတင်ပါတယ်ဗျာပြောဖြစ်တဲ့

မြန်မာ Bolgger တစ်ခုဖန်းတီးခြင်း


 မင်္ဂလာပါဗျာ ဒီနေ့တော့ gtalk မှာ ညီလေး တစ်ယောက်တောင်းဆိုထားလို့ မြန်မာ ဘလော့တစ်ခုပြုလုပ်ပုံကို
ကျွန်တော် ပုံနှင့် တကွရှင်းပြထားပါတယ်ပထမဦးဆုံး မိမိစက်မှာ ZawGyi Font ရှိဖို့လိုပါတယ်ပြီးရင် www.blogger.com ကိုသွားလိုက်ပါဗျာအောက်ကပုံအတိုင်းပေါ်လာရင်မိမိ Gmail အကောင့်ကို ဖြည့်ပြီး Sign in ဝင်လိုက်ပါဗျာ

Blogger လူသစ်များအတွက် - Blog မှာ Cbox ထည့်နည်း

 30 May 13, 11:25 PM
ဟန်မိုးလွင်:
ကိုရေ Bloggerမှာ cbox ထည့်နည်းလေး တင်ပေးပါအုံး
ဒီနေ့တော့ တောင်းထားတဲ့လူရှိတုန်း Blog မှာ Cbox ထည့်နည်းကို ပိုစ့်တခုအနေနဲ့ တင်ပေးလိုက်ပါတယ်..။ တခြား Cbox ထည့်လို့ရတဲ့ ဆိုဒ်တွေ အများကြီး ရှိပေမယ့် ယခုလက်ရှိ ကျနော်အသုံးပြုနေတဲ့ Cbox ဆိုဒ်မှာပဲ လုပ်နည်းကို Blogger လူသစ်များအားလုံးပဲ လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။ အားလုံးပြီးသွားရင်တော့ အပေါ်ကလို Short Link [link] လေးနဲ့ Cbox တခုကို ရရှိမှာ ဖြစ်ပါတယ်..။  အရင်ဆုံး ဒီလင့် http://www.cbox.ws/ ကနေ ဝင်သွားလိုက်ရင် အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်..။ အဲ့ဒီမှာ Sign Up စာသားကို နှိပ်ပြီး မိမိတို့ရဲ့ E-mail နဲ့ အကောင့်တခုကို အရင်ဖွင့်လိုက်ပါ..။

Blogger လူသစ်များအတွက် Animated စာလုံးများနှင့် HTML ကုဒ်ဘောက်စ်ကို Blog မှာထည့်နည်း

 
=================================================

 
7 May 13, 09:41 PM
ကိုနိုင်လင်း:
ကိုလွင်မင်းဗိုလ် ခင်ဗျာ ကိုယ်ရဲ့ဆိုဒ်ကို ညွှန်းချင်ရင် ကုဒ်လို့ ပုံလေးနဲ့တင်ထားတာကို အောက်မှာ BOX ကလေး နဲ့ အပေါ်မှာ ကိုယ်ညွှန်းတဲ့ပုံလေးဖြစ်အောင် ဘယ်လိုများ လုပ်ထားပါသလဲခင်ဗျာ
ဒီမေးခွန်းလေးကတော့ နည်းနည်းကြာသွားပါပြီ..။ ဒီလိုလုပ်နည်းလေးတွေကို အရင်တုန်းကလည်း မေးထားခဲ့တဲ့ Blogger တွေ တော်တော်များများရှိခဲ့ပါတယ်..။ အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။ လုပ်နည်းက သိပ်တော့ မခက်ပါ..။ အောက်မှာပုံလေးတွေနဲ့ တဆင့်ချင်းစီ လုပ်တတ်အောင် ပြပေးထားပါတယ်..။
မိမိတို့ Blog အတွက် Animated စာလုံးတွေကို မိမိတို့ကိုယ်တိုင် ကြိုက်သလို ဖန်တီးလိုက်ပါ..။ ကျနော့် Blog မှာလည်း Animated စာလုံးတွေ ဖန်တီးတတ်အောင် ပိုစ့်တွေ အများကြီးတင်ပေးခဲ့ဖူးပါတယ်..။ မိမိတို့ ကျွမ်းကျင်ရာ ၊ အဆင်ပြေရာနဲ့ Animated စာလုံးတွေကို ဖန်တီးပြီးသွားရင်တော့ Blog ရဲ့ ပိုစ့်အသစ်ဖန်တီးတဲ့နေရာမှာ အဲ့ဒီ Animated စာလုံးတွေကို Upload တင်လိုက်ပါ..။ ပြီးရင်တော့ အောက်မှာ ပေးထားတဲ့ HTML ကုဒ်တွေကို ယူပါ..။ အဲ့ထဲမှာမှ Animated စာလုံးအတွက် လင့်၂နေရာနဲ့ နာမည်ကို လိုက်ပြောင်းထည့်ပေးလိုက်ရင် ကျနော့် Blog ညာဘက်မှာ ပြထားသလို မိမိတို့ Blog မှာလည်း ပေါ်နေပါလိမ့်မယ်..။
ဒီလို HTML ကုဒ်ဘောက်စ်လုပ်နည်းတွေနဲ့ ပါတ်သက်လို့ HTML ကုဒ်တွေ အမျိုးမျိုးရှိပါတယ်..။ ဘယ်ဆိုဒ်ကပဲယူယူ.. ဒီလို ကုဒ်ဘောက်စ်လုပ်နည်းကတော့ အတူတူပါပဲ..။ အခုကျနော် ပေးလိုက်တဲ့ HTML ကုဒ်တွေကတော့ ကျနော့် Blog မှာ လက်ရှိအသုံးပြုထားတဲ့ ကုဒ်တွေပဲ ဖြစ်ပါတယ်..။ အဆင်သင့် copy ယူပြီး Animated စာလုံးလင့်နဲ့ နာမည်ပြောင်းထည့်လိုက်ရင် မိမိတို့ အတွက် အသုံးဝင်ဖြစ်ပါပြီ..။ ဒီအောက်မှာ ဖေါ်ပြပေးထားတဲ့ HTML ကုဒ်တွေကတော့ ကျနော့် Blog စလုပ်ခါစက English ဆိုဒ်တွေက လိုက်ရှာထားတဲ့ ကုဒ်တွေပဲ ဖြစ်ပါတယ်..။ HTML ကုဒ်ဘောက်စ်အတွက် လုပ်နည်းနဲ့ ကုဒ်တွေကို လိုအပ်တဲ့ သူများကတော့ အောက်မှာ ယူနိုင်ပါတယ်..။

WinRAR ဖြင့် ဖိုင်များ အပိုင်းခွဲနည်း


30 Apr 13, 05:16 PM
နောင်နောင်: ဖိုင်ဆိုဒ်ကြီးကြီးတွေကို winrar နဲ့အပိုင်းတွေပိုင်းပြီး upload တင်ကြတာတွေ့ဘူးပါတယ် အဲဒါဘယ်လိုပိုင်းရသလဲဆိုတာ သိချင်လို့ပါ သိသူများဖြေပေးကြပါခင်ဗျာ..   
WinRAR နဲ့ ဖိုင်တွေ ခွဲနည်းက Blogger အများစုအတွက် မသိမဖြစ် လုပ်နည်းတခုမို့ ကျနော်ဒီပိုစ့်ကို Blogger And HTML လေဘယ်ထဲမှာ ထည့်ပေးထားလိုက်ပါတယ်..။ နောက်ပိုင်း Blogger လူသစ်တွေ ကျနော့် Blog မှာ အလွယ်တကူ ရှာလို့ တွေ့အောင်လို့ပါ..။ ကျနော် Blog မှာလည်း ဒီနည်းနဲ့ အရင်တုန်းက ပိုစ့်တွေမှာ ( Nero 8 - Photoshop CS6 - Cyberlink Power Director ) ပိုစ့်တွေကို WinRAR နဲ့ပဲ ဖိုင်တွေခွဲပြီး တင်ပေးခဲ့တာပါ..။ ကွန်ပျူတာတိုင်းမှာ WinRAR ဆော့ဝဲလ်ရှိနေတဲ့အတွက် အလွယ်တကူ ဖိုင်တွေပြန်ပေါင်းလို့ ရတဲ့အတွက် ဒီနည်းက အားလုံးကို အဆင်ပြေစေပါတယ်..။ ဒီနေ့တော့ ဒီလိုလုပ်နည်းကို မေးလာတဲ့လူ ရှိလာလို့ ကျနော် WinRAR ဖိုင်ခွဲနည်း ပိုစ့်တပုဒ်အဖြစ် တင်ပေးလိုက်ပါတယ်..။ 
ဒီလုပ်နည်းက Blogger တွေအတွက်တင် မကပဲ တခြား အသုံးပြုသူများအတွက်ပါ လိုအပ်တဲ့ နည်းလေးပါ..။ ဥပမာ နိုင်ငံခြားမှာ ရိုက်ထားတဲ့ မိမိတို့ရဲ့ Video ဖိုင်လေးကို တခြားလူတွေ မသိစေချင်လို့ Gmail ကနေ ပို့မယ်ဆိုရင်တော့ အဲ့ဒီ Video ဖိုင်ကို 20 MB စီနဲ့ ခွဲပြီး ပို့ပေးလို့ ရပါတယ်..။ Gmail မှာက 25 MB ကျော်ရင် Upload တင်လို့ မရပါဘူး..။ ဒါကြောင့် Video ဖိုင်တွေကို 20 MB စီ ခွဲတင်ရမှာပါ..။
ကျနော်တို့ Blogger တွေအတွက်လည်း ဒီအတိုင်းပါပဲ..။ ကျနော်တို့ အသုံးပြုနေတဲ့ ဖရီး Upload ဆိုဒ်တွေက အများဆုံး 200 MB နဲ့ 250 MB လောက်စီပဲ ဖိုင်တွေ တင်လို့ ရတာပါ..။ ဒါကြောင့် 1 GB ရှိတဲ့ ဖိုင်တွေဆိုရင် 200 MB သို့မဟုတ် 100 MB စီခွဲပြီး တင်ပေးရတာပါ..။ ခွဲတင်ပေးထားတဲ့ ဖိုင်တွေ အားလုံးဒေါင်းယူပြီးရင်တော့ ဖိုဒါအလွတ်တခု ဖန်တီးပြီး အပိုင်းအားလုံးစုထည့် အပိုင်း-၁ (part1) ကနေ ဖိုင်ဖြည်ချပေးလိုက်ရင် ကျန်တဲ့အပိုင်းတွေပါ အလိုလို လိုက်ပြည်သွားလို့ ဖိုင်တခုလုံး ပေါင်းပြီးသားလေးကို ရရှိပါတယ်..။ ဒီနည်းနဲ့ အားလုံးအဆင်ပြေနေကျတာပါ..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

How to create Animated Floating Light Text (Blogger များအတွက် Photoshop ဖြင့် အသုံးဝင် Animated စာလုံးများ ဖန်တီးခြင်း)





ဒီအပေါ်မှာ မြင်နေရတဲ့ Animated စာလုံးလေးတွေ လုပ်နည်းကို တောင်းထားတဲ့ Blogger တွေများပေမယ့် အရင်က အလွယ်တကူဖြစ်အောင် ပုံလေးတွေနဲ့ တင်ပေးဖို့ အဆင်မပြေခဲ့ပါ..။ ဒီနေ့တော့ ဒီလိုလုပ်နည်းကို အလွယ်ဆုံးဖြစ်မယ့် Video ဖိုင်လေးနဲ့ ဖန်တီးလို့ ပြီးသွားပြီဖြစ်လို့ လိုအပ်တဲ့သူများအတွက် အဆင်ပြေအောင် Youtube မှာတင်ပြီး ကျနော့် Blog မှာ လင့်ပြန်ချိတ်ပေးထားပါတယ်..။ Youtube ကသီချင်းတွေကြည့်တဲ့နေရာမှာလည်း ကျနော့် Blog နာမည် Lwinminbo ဆိုပြီးရိုက်ထည့်လိုက်ရင် ကျနော်တင်ထားတဲ့ Video ဖိုင်တွေ ပေါ်လာပါလိမ့်မယ်..။ Youtube ကနေပဲ ဒီ Animated Floating Light Text ဆိုတဲ့ Video လေးရဲ့ အောက်မှာလည်း Photoshop CS3 နဲ့ မြန်မာစာဖေါင့်အလှတွေကို တခါတည်း ဒေါင်းယူလို့ရအောင် လင့်ချိတ်ပေးထားပါသေးတယ်..။ လိုအပ်တဲ့သူများကတော့ Youtube ကနေလည်း ဝင်ယူလို့ရသလို၊ အခုကျနော့် Blog ရဲ့ ဒီပိုစ့်မှာလည်း CS3 နဲ့ MM Fonts တွေကို ဒေါင်းယူလို့ ရပါတယ်..။ ဒီလုပ်နည်းလေးကို CS3 နဲ့လုပ်ရတာ ပိုလွယ်တဲ့အတွက် CS6 နဲ့မပြပဲ CS3 နဲ့ပဲ လုပ်ပြပေးလိုက်တာပါ..။ ဒီနည်းလေးကို အသုံးပြုလိုတဲ့သူများကတော့ အောက်က Video လေးကို လေ့လာကြည့်လိုက်ပါဗျာ..။ ကျနော်ဖန်တီးထားတဲ့ ဒီအောက်က Video ဖိုင်လေးကို ကြည့်ပြီး Photoshop နဲ့ Animated Text စာလုံးလေးတွေကို ဖန်တီးတတ်သွားပါလိမ့်မယ်..။


Photoshop CS3 နဲ့ မြန်မာဖေါင့် စာလုံးအလှလေးတွေကို အောက်ကလင့်ကနေ လိုအပ်တဲ့သူများ ဒေါင်းယူနိုင်ပါတယ်..။

Blogger များအတွက် အလွယ်ကူဆုံး အသုံးဝင် Animated စာလုံးများ ဖန်တီးခြင်း








Blogger တွေအတွက် ဒီလိုလုပ်နည်းလေးတွေကို Photoshop နဲ့ ဖန်တီးတတ်အောင် တင်ပေးချင်ပေမယ့် အဆင့်တွေများပြီး လုပ်နည်းက ရှုပ်တဲ့အတွက် တင်ပေးဖို့ အဆင်မပြေခဲ့ပါ..။ အခုတော့ အပေါ်မှာ ပြထားတဲ့ ဒီဇိုင်းတွေ အပြင် နောက်ထပ်ဒီဇိုင်းမျိုးစုံကိုပါ အလွယ်ကူးဆုံး ဖန်တီးယူလို့ ရမယ့် Website လေးတစ်ခု တွေ့ရှိခဲ့ပါပြီ..။ အဲ့ဒီဆိုဒ်လေးမှာ မိမိတို့ရဲ့ Blog နာမည်တွေနဲ့ Blog လိပ်စာလေးတွေကို Animated စာလုံးတွေကို အလွယ်ကူဆုံး ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ အဲ့ဒီဆိုဒ်လေးမှာ မြန်မာစာရေးလို့ ရတယ်ဆိုပေမယ့် ပုံမှန် Zawgyi-One ဖေါင့်နဲ့ ရေးလို့ မြန်မာစာ အမှန်မပေါ်ပါဘူး..။ ကမောက်ကမ စာလုံးတွေပဲ ပေါ်လာမှာ ဖြစ်ပါတယ်..။ ဒီဆိုဒ်လေးက ကျနော်တို့ Windows 8 မှာ ပါလာတဲ့ MM3 ဖေါင့်ကို Support လုပ်တဲ့အတွက် ကျနော်မြန်မာစာ အမှန်ပေါ်အောင်လို့ KaNaung Converter ကို အသုံးပြုပြီး မြန်မာစာ ပေါ်အောင် ဖန်တီး ပြထားပါတယ်..။ ဒီ KaNaung Converter လေးကို ဒေါင်းယူပြီး Zawgyi-One ကနေ Myanmar3 ဖေါင့်ပြောင်းသုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ နောက်တခုက ဒီဆိုဒ်လေးမှာ Animated စာလုံးတွေအပြင် အရိပ်ပြန်ထင်နေတဲ့ 3D စာလုံးတွေပါ လုပ်ယူလို့ ရပါသေးတယ်..။ ကျနော်ဒီပိုစ့်မှာ ပြထားတဲ့ ဒီဇိုင်းတွေကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ 3D Text နဲ့ Animated စာလုံးတွေကို ဖန်တီးချင်တဲ့သူများကတော့ ဒီဆိုဒ်လေးကို အောက်ကလင့်တွေကနေ ဝင်သွားလိုက်ပါဗျာ..။

အလှဆုံး 3D Text စာလုံးများ ဖန်တီးခြင်း

ဒီလို အလွယ်ဆုံးနဲ့ အလှဆုံး 3D စာလုံးတွေကို ဖန်တီးဖို့ ရှာတွေ့ခဲ့တာကတော့.. ကျနော့် သူငယ်ချင်း တစ်ယောက်က Blog တစ်ခု စလုပ်ရင်း.. သူ့ Blog မှာအသုံးပြုဖို့ စာလုံးတွေကို 3D ဒီဇိုင်းနဲ့ စိတ်ကြိုက်ဖန်တီးချင်လို့.. သူကလည်း Photoshop ကိုစပြီးလေ့လာခါစပဲ ရှိသေးတယ်ဆိုတော့ ကျနော့်ဆီမှာ ရောက်လာတဲ့အခါ စိတ်ကူးပေါ်လာတာနဲ့ Google ကနေ အင်တာနက်ပေါ်လိုက်ရှာမိပါတယ်..။ ဒါနဲ့ပဲ ဒီဆိုဒ်လေးကို ရောက်သွားခဲ့တယ်..။ စမ်းသုံးရင်း ၊ စမ်းသပ်ရင်း စာလုံးဒီဇိုင်းတွေ အများကြီးလုပ်ယူလို့ ရတဲ့အပြင် လိုင်းပေါ်မှာတင် မိမိတို့ရဲ့ ပုံလေးတွေကိုပါ ပြုပြင်ယူလို့ ရတဲ့အတွက် ကျနော် အတော်လေး သဘောကျမိပါတယ်..။ ကျနော့် Blog ကိုနေ့စဉ် လာလည်နေတဲ့ သူငယ်ချင်းတွေပါ အလွယ်ဆုံး အသုံးပြုလို့ ရအောင် အဲ့ဒီဆိုဒ်လေးမှာ ကျနော် ဖန်တီးထားတဲ့ ပုံလေးတွေနဲ့ အောက်မှာ အသုံပြုပုံကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ Photoshop နဲ့ဆိုရင် စာလုံးဒီဇိုင်းတခုရဖို့ အဆင့်တွေ အများကြီးနဲ့ အချိန်တွေ အများကြီး ပေးရပါတယ်..။ ဒီဆိုဒ်လေးမှာ   ဆိုရင်တော့ အချိန်ကုန် သက်သာပြီး အလွယ်ကူဆုံးနဲ့ စာလုံးတွေကို အလှဆုံး ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ 3D စာလုံးလေးတွေ ဖန်တီးချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဝင်ပြီး မိမိတို့ရဲ့ နာမည်လေးတွေကို ကျနော် ပုံမှာ ပြထားတဲ့အတိုင်း ဖန်တီးယူလို့ ရသွားမှာ ဖြစ်ပါတယ်..။ အားနည်းချက် တခုကတော့ မြန်မာလို အသုံးပြုလို့ မရပါဘူး..။ အင်္ဂလိပ်လိုနဲ့ပဲ အဆင်ပြေပါတယ်..။

ကျနော့် Blog ရဲ့ Button လေးတွေပါ


Lwinminbo




Lwinminbo




Lwinminbo



Saw Kyaw; 3 September 2012 01:35
အတော်လေးကောင်းပါတယ်ဗျာ PDF ဖိုင်လေးနဲ့ ဒေါင်းပြီး ဖတ်လို့ရအောင်လုပ်ထားပေးပါလား။ နောက်တခုက ဒီဆိုက်ကို ညွှန်းချင်ရငါ သူများတွေလို ( မိမိဆိုက်ကို ညွှန်ရန်) ဆိုတာလေးကို ဆိုက်ညာဘက်မှာ ထညိ့်ထားပေးပါလား ကျနော့်ဆိုက်မှာညွှန်းထားချင်လို့ပါဗျာ။
လေးစားစွာဖြင့်
စောကျော်ဦး
ဒီ Comment လေးက Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများ ပိုစ့်မှာ ရေးထားခဲ့တဲ့ Comment လေးပါ..။ အဲဒီပိုစ့်ကို အဲဒီနေ့ကတည်းက တခါတည်း PDF ဖိုင်နဲ့ ထုတ်ပေးထားခဲ့ပါတယ်..။ ဒေါင်းယူလိုက်ရုံပါပဲ..။
အရင်တုန်းက သူငယ်ချင်းတစ်ယောက်လည်း ဒါမျို Button လေးတွေ လုပ်ထားပေးဖို့ တောင်းဆိုဖူးပါတယ်..။ အဲ့တုန်းကတော့ စာရေးဖို့လောက်ပဲ စိတ်ကများနေလို့ ဒီ Button လေးတွေ ဖန်တီးဖို့ စိတ်မပါခဲ့ပါဘူး.. အခု အစ်ကိုစောကျော်ဦးက တောင်းဆိုလာလို့ ကျနော့်ဆိုဒ်လေးကို ညွှန်းချင်တဲ့ တခြား Blogger တွေလည်းရှိခဲ့ရင် အဆင်ပြေအောင် ဒီ Button လေးတွေကို ဖန်တီးခဲ့တာပါ..။ နောက်တခုက ဒီ Button လေးတွေကို လုပ်ခဲ့တာ ကျနော်နာမည်ကြီးချင်လို့ မဟုတ်ပါဘူး..။ ကြွားဝါချင်တဲ့စိတ်လည်း နည်းနည်းမှ မရှိခဲ့ပါဘူး..။ ကွန်ပျူတာကို မကိုင်တတ်သေးတဲ့သူတောင်၊ မသုံးတတ်သေးတဲ့သူတောင် ကျနော့် Blog လေးထဲက အသုံးပြုနည်းလေးတွေနဲ့ နေ့စဉ်လေ့ကျင့်သွားမယ်ဆိုရင် မကြာခင်မှာ ကွန်ပျူတာကို ဆရာကြီးအဆင့်မဟုတ်ရင်တောင် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်လိမ့်မယ်ဆိုတာ ကျနော်လုံးဝ ယုံကြည်ပါတယ်..။ ဒါကြောင့် ကွန်ပျူတာ အခြေခံနည်းပညာများ ပြန့်ပွါးရေးအတွက်.. မြန်မာပြည်သားတိုင်း ကွန်ပျူတာ အသုံးပြုတတ်ဖို့အတွက် ရည်ရွယ်ပြီး ကျနော့် Blog ရဲ့ ဒီ Button လေးတွေကို ဖန်တီးခဲ့တာပါ..။

Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများ


10 Aug 12, 06:14 PM
ကတုံး: အစ်ကိုရယ် ဒီနေ၇ာမှာမိမိညွန်းချင်တဲ့ URL လင့်ကိုထည့်ပါ ဘာကိုပြောတာလဲ ရှင်းပြပေးပါလားကေူးဇူးပြုပြီး
10 Aug 12, 04:55 PM
မောင်စိုး: အစ်ကိုရေ ကျွန်တော်ဘလော့မှာ တင်ပြီးသမျှပိုစ်.လိုပေါ်ခြင်းတယ် ကူညီပေးပါနော်
21 Aug 12, 08:15 PM
မောင်ဇော်: အစ်ကို ကျေးဇူးပြု၍ ရှင်းပြပါရန် မေတ္တာရပ်ခံပါတယ် အခုဖြစ်နေတဲ့  ဘလော့ ပြဿနာပါ.. ဒီလိုပါ အစ်ကို Showing posts with label ကဗျာများ. Show all posts မပေါ်ဘူးဖြစ်နေတယ် .. နိုပ်လိုက်ရင် ဒီအတိုင်းပဲ အောက်မှ
21 Aug 12, 08:17 PM
မောင်ဇော်: ရေးထားတဲ့ ကဗျာများ ပေါ်မလာတော့ဘူး .. ရှင်းပြပေးပါရန် မေတ္တာရပ်ခံပါသည် ။
22 Aug 12, 09:11 AM
လွင်မင်းဗိုလ်: ကိုမောင်ဇော်ရေ.. Design >> Blog Posts >> Edit ကနေသွားပြီး ပေါ်လာတဲ့ဘောက်စ်ထဲမှာ အမှန်ခြစ်လေးတွေကို တခုချင်းစီဖြုတ်၊ တပ်လုပ်ပြီးစမ်းကြည့်ပါဗျာ.. စိတ်ကြိုက်ဖြစ်ရင် Save လိုက်ပါ.. မစမ်းခင်အရင်ဆုံး မူရင်းအတိုင်းကို ဓါတ်ပုံရိုက်ယူထားလိုက်ပါ.. အမှာ�
22 Aug 12, 09:12 AM
လွင်မင်းဗိုလ်: အမှားဖြစ်ခဲ့ရင်ဓါတ်ပုံထဲကအတိုင်းပြန်ပြင်လို့ရအောင်လို့ပါ..
22 Aug 12, 12:29 PM
မောင်ဇော်: ဘာကို ဖြုတ်ရမှာလဲ အစ်ကိုရေ..  ဘယ်လိုမှ နားမလည်ဘူး ..ရှင်းပြပါနော် ..စောင့်မျော်နေလျှက်
ဒီပိုစ့်ကို Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများလို့ ခေါင်းစဉ်တပ်လိုက်တာ အရမ်းများ လွန်သွားမလား မသိဘူး..။ တကယ်တော့ ကျနော်ဆိုလိုချင်တာ၊ ကျနော်ရေးသားထားတဲ့ ဘလော့နည်းလမ်းလေးတွေက လက်ရှိကျနော်အသုံးပြုနေတဲ့ ကျနော့်ဘလော့ထဲက နေ့စဉ်အသုံးဝင်နေတဲ့ နည်းလမ်းလေးတွေကို တစိတ်တပိုင်း စုစည်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်.. စာဖတ်ယုံနဲ့ နားမလည်နိုင်ကြတဲ့ တချို့ Blogger လူသစ်များအတွက်ကို အဓိက ရည်ရွယ်ရေးသားထား ခြင်းသာဖြစ်ပါတယ်..။ ဒါကြောင့် အတတ်နိုင်ဆုံး ပုံလေးတွေနဲ့ ကြည့်ရအဆင်ပြေအောင်၊ နားလည်လွယ်အောင် ရှင်းပြပေးထားတာပါ..။ ပါဝင်တဲ့ လုပ်နည်းလေးတွေကတော့
၁။ မိမိတို့ရဲ့ Blog မှ Template ကို Download/Restore နဲ့ Recovery လုပ်နည်း..
၂။ မိမိတို့ရဲ့ Blog မှ ပိုစ့်အားလုံးကို Download/Restore နဲ့ Recovery လုပ်နည်း..
၃။ မိမိတို့ရဲ့ Blog မှာ တင်ပြီးသမျှပိုစ့်များ လို့ပေါ်ချင်တဲ့သူများအတွက်..
၎။ Blog Post များရဲ့ အောက်ခြေမှာ လိုအပ်တာလေးတွေ ပြင်ဆင်ဖြည့်စွက်ချင်တယ်ဆိုရင်..
၅။ Post တပုဒ်မတင်ခင် ပြင်ဆင်ရမည့် အချက်များ.. Labels (Categories) များအသုံးပြုတတ်အောင်..
၆။ Blog စာမျက်နှာမှာ Labels (Categories) ပေါ်အောင် လုပ်နည်း..
၇။ Post တပုဒ်တင်တဲ့အခါ မိမိညွှန်းချင်တဲ့ လင့်ကို မြုပ်တတ်အောင်၊ သပ်ရပ်တဲ့ Post တပုဒ်ဖန်တီးခြင်း  (Webpage လိပ်စာနဲ့ Download လင့်တွေ ဘယ်လိုမြုပ်မလဲ)
၈။ Blog Sidebar မှာ Download လင့်မြုပ်ပြီး Animation အရုပ်လေး လှုပ်ရှားနေအောင် လုပ်နည်း
အရင်တုန်းက တချို့ဘလော့ဂါလူသစ်တွေ မေးထားတဲ့ မေးခွန်းလေးတွေကိုတော့ ပြန်ရှာ မရတော့လို့ ထည့်မပြတော့ပါဘူး.. သိပ်မကြာခင်က မေးခွန်းလေးတွေကိုတော့ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။ အပေါ်ဆုံးက အစိမ်းရောင် စာကြောင်းလေးတွေ အတိုင်းပါပဲ.. ဘလော့နဲ့ ပါတ်သက်လို့ တခြားလိုအပ်မယ် ထင်တာလေးတွေနဲ့၊ နာမည်ကြီး မြန်မာနည်းပညာ ဆိုဒ်တွေမှာ ခဏခဏမေးမေးနေကြတဲ့ blog sidebar မှာ  ဇော်ဂျီရုပ်လေး လည်နေပြီး အောက်မှာ ဇော်ဂျီဖေါင့် ဒေါင်းလော့လင့်ကို ဘယ်လိုမြုပ်ရလဲ ဆိုတာပါ လုပ်ပုံလုပ်နည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

Blog မှာလာလည်သူစာရင်း ထည့်ချင်တဲ့သူများအတွက်



25 Jul 12, 04:03 PM
မောင်စိုး: အစ်ကိုရယ် ကူညီပေးပါလား ဘလော့လ်မှာ လာလည်သူစားရင် ထဲခြင်းလို. ပြောပြပေးပါနော် ကျေးဇူးပြုပြီး
အခုဒီနည်းလေးက အရင်တင်ပေးဖူးတဲ့ ဘလော့မှာ နာရီထည့်တဲ့နည်းနဲ့ အတူတူပါပဲ..။  တောင်းထားတဲ့လူ ရှိလို့ တင်ပေးလိုက်ပါတယ်.. မသိသေးတဲ့သူများ အတွက်တော့ အခက် တွေ့နေအုန်းမှာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဝင်သွားလိုက်ပါ..။ http://flagcounter.com/ ဘယ်လို လုပ်ယူရလဲဆိုတာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..

YOGA Clock - ဘလော့မှာ သရဲခြောက်ကောင် နာရီလေး တပ်ထားချင်တဲ့ Blogger များအတွက်


ဒါလေးကတော့ မနေ့က  Photoshop cs6 တင်နေတုန်း အားနေတာနဲ့ နိုင်ငံခြားဆိုဒ်တွေ လျှောက်ပါတ်ကြည့်ရင်း တွေ့ခဲ့တဲ့ နာရီဒီဇိုင်းလေး သဘောကြလို့ Blogger မိတ်ဆွေများအတွက် ပြန်လည် မျှဝေလိုက်ပါတယ်..။ မြန်မာဆိုဒ်တွေမှာ ဒီလို ထူးထူးဆန်းဆန်းလေးတွေ မတွေ့မိသေးဘူး..။ ဒါလေးကို မြင်မြင်ချင်း သဘောကျလို့ ကြည့်ရင်းကြည့်ရင်းနဲ့ကို ကြည့်လို့ကောင်းလာတာ.. သရဲလိုလို၊ လူလိုလို အကောင်လေးတွေ Yoga အကနဲ့ နာရီပုံဖေါ်နေတာ တကယ်လန်းတယ်..။ ကျနော့်ဆိုဒ် မလေးရှားစံတော်ချိန် နေရာမှာ တင်ကြည့်တော့ အဆင်ပြေနေပြန်ရော.. အပေါ်ဆုံး ပုံမှာပြထားသလို ကနော့်ဆိုဒ်ကို ဝင်လိုက်တာနဲ့ သရဲခြောက်ကောင် (သရဲလို့ပဲ ခေါ်တော့မယ်) အပေါ်ကနေ ဆင်းလာပြီး Yoga နဲ့ကတော့တာပဲ.. နာရီ၊ မိနစ်၊ စက္ကန့် နှစ်ကောင်စီနဲ့ နောက်ဆုံးကောင်က ပိုကရတယ်..။ တကယ်ကြည့်လို့ကောင်းတယ်..။

Blog မှာ နာရီထည့်ချင်တဲ့ သူများအတွက်


မိမိတို့ရဲ့ ဘလော့မှာ နာရီထည့်နည်းလေးကို သိချင်တဲ့လူရှိလို့ ပြောပြပေးလိုက်ပါတယ်..။ တကယ်တော့ လုပ်နည်းမသိသေးလို့ ခက်နေတာပါ..။ သိသွားရင်ဘာမှ မခက်တော့ပါဘူး..။ အခုဒီနည်းလေးကလည်း နာရီမှ မဟုတ်ပါဘူး.. ဘယ်ဟာကိုပဲဖြစ်ဖြစ်ဒီနည်းနဲ့ ထည့်တာပါပဲ..။ မိမိတို့ရောက်ခဲ့တဲ့ ဘလော့ဆိုဒ်တွေမှာ တွေ့သမျှ လိုချင်တာလေးတွေကို အခုဒီနည်းလေးနဲ့ လုပ်ယူလို့ ရပါတယ်..။ တချို့နေရာတွေက အကောင့်တခုဖွင့်ပေးရတယ်..။ တချို့နေရာတွေက အကောင့်ဖွင့်ဖို့ မလိုဘူး..။ ဒါပဲကွာပါတယ်..။ Cbox မှာတောင်းထားတဲ့ ကိုစောကျော်ဦးနဲ့ အတူ တခြားမသိသေးတဲ့ သူများပါ သုံးတတ်အောင်လို့ ဒီနည်းလေးကို မျှဝေလိုက်ပါတယ်ခင်ဗျာ..

Blogger များအတွက် HTML


ဒီတခါတော့ Blogger မိတ်ဆွေများအတွက် ဘလော့နှင့်ပါတ်သက်တာလေးတွေ တင်ထားပေးချင်ပါတယ်..။ ကျနော့်ဘလောဆိုဒ် နေရာလေးကနေ ဘလော့နှင့်ပါတ်သက်တာ အားလုံးကို ရှာဖွေနိုင်အောင် တနေရာတည်း၊ တစုတစည်းတည်း ရှာဖွေရလွယ်အောင် ဖေါ်ပြပေးချင်တဲ့ ရည်ရွယ်ချက်လေးပါပဲ..။
Related Posts Plugin for WordPress, Blogger...